အရေးပေါ်
မှုခင်းသတင်း

ပျိုးနှုတ်နေတဲ့ လူငယ်တဦး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရ

၂၀၂၆ သြဂုတ် ၂၈ Myo Taw
ပျိုးနှုတ်နေတဲ့ လူငယ်တဦး ပေါ်တာဆွဲဖမ်းဆီးခံလိုက်ရ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ တောင်ယာလုပ်ကိုင်နေတဲ့ လူငယ်အမျိုးသားတဦး သြဂုတ် ၂၇ ရက်နေ့က ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ပင်းတလဲ တိုက်နယ်ရွာက အာဏာသိမ်း စစ်တပ်တပ်ဖွဲ့ဝင်တွေဟာ ကုက္ကိုခါးလှ၊ သဲကန်၊ ညောင်ဒို၊ အင်းကုန်းရွာ တွေရှိ တောင်ယာလုပ်ငန်းခွင်ထဲအထိ ပေါ်တာဆွဲခဲ့တဲ့အတွက် သြဂုတ် ၂၇ ရက်နေ့က မွန်းလွဲ ၁ နာရီခန့်က ပျိုးနှုတ်နေတဲ့ လူငယ်တဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင် သြဂုတ် ၂၇ ရက်နေ့ မနက်အစော ၄ နာရီခန့်မှာ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေေ ရွှေတောင်တိုက်နယ်၊ သပြေရိုးရွာ၊ ပဲနံ့သာရွာ၊ တောင်ဘို့ရွာ နဲ့ ခန္တောရွာ တို့ကို ပေါ်တာဆွဲတာတွေ လုပ်ဆောင်ခဲ့ပေမဲ့ ဖမ်းဆီးခံရသူ မရှိခဲ့ဘူးလို့ သိရပါတယ်။

သြဂုတ်လ ၂၃ ရက်နေ့ကလည်း ပင်းတလဲ တိုက်နယ်ရှိ အာဏာသိမ်းစစ်တပ် တပ်ဖွဲ့ဝင်တွေက အမြန်လမ်းဘေးရှိ ကန်ပတ်လည်ရွာ နှင့် မင်းကန်ရွာ ဘက်မှာ လူငယ် ၂ ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ Voice of Wundwin ရဲ့ဖော်ပြချက်အရ သိရပါတယ်။

အာဏာသိမ်း စစ်တပ်က ပင်းတလဲ တိုက်နယ်ရွာရှိ ဆေးရုံ နဲ့ ရဲစခန်းတို့မှာ တပ်စွဲထားပြီး အနီးပတ်ဝန်းကျင်က ကျေးရွာတွေမှာ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတာကြောင့် ဝမ်းတွင်းမြို့နယ်ထဲက လူငယ်တွေဟာ ပြည်ပထွက်ခွာမှုသူတွေ ပိုမိုများပြားလာပြီး လယ်ယာစိုက်ပျိုးမှု အခြေအနေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်