အရေးပေါ်
မှုခင်းသတင်း

တောင်ပြုံးပွဲမှာ ယခင်နှစ်တွေထက် ခိုးဆိုလုယက်မှုတွေများနေပြီး ပြည်သူ့စစ်တွေကို တိုင်ပေမယ့် ကိုယ်ဖြစ်ကိုယ်ခံလို့သာ ပြန်လည်ပြောဆို

၂၀၂၆ သြဂုတ် ၂၇ Myo Taw
တောင်ပြုံးပွဲမှာ ယခင်နှစ်တွေထက် ခိုးဆိုလုယက်မှုတွေများနေပြီး ပြည်သူ့စစ်တွေကို တိုင်ပေမယ့် ကိုယ်ဖြစ်ကိုယ်ခံလို့သာ ပြန်လည်ပြောဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ နှစ်စဥ်ကျင်းပနေတဲ့ တောင်ပြုံးနတ်ပွဲမှာ ခါးပိုက်နှိုက်မှု၊ ဆွဲကြိုးလုယက်မှုတွေ ယခင်နှစ်တွေထက်ပိုကာ ဆိုးဆိုးရွားရွာဖြစ်နေပြီး အာဏာသိမ်းအစိုးရရဲ့ လက်နက်အပြည့်အစုံဝတ် လုံခြုံရေးပြည်သူ့စစ်တွေကို တိုင်ကြားပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိဘူးလို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာမှာ ကျင်းပတဲ့ ရိုးရာနတ်ပူဇော်ပသတဲ့ မြန်မာနိုင်ငံမှာ ရက်အကြာဆုံးပွဲတော်တခုဖြစ်တဲ့ တောင်ပြုံးပွဲမှာ နေ့စဥ် အနယ်နယ်အရပ်ရပ်က လူပေါင်းသောင်းနဲ့ချီ လာရောက်ပူဇော်ပသမှုတွေ ပြုလုပ်နေကြပြီး ခိုးဆိုးလုယက်မှုတွေလည်း ယခင်နှစ်ထက် ပိုဆိုးလာတယ်လို့ သိရပါတယ်။

"ဖုန်းအခိုးခံရတာတို့ အဝတ်အထည် အခိုးခံရတာတို့က အရင်နှစ်တွေလည်း ရှိခဲ့ပါတယ်၊ အခုနှစ်ကတော့ အရမ်းဆိုးတယ်၊ ဆွဲကြိုးကို လူအရှေ့ကနေ ကိုင်ပြီးဖြုတ်သွားတာ၊ လိုက်အော်ပြီးဖမ်းတာကို ပြည်သူ့စစ်တွေ ကြားထဲဝင်ပြီး ထွက်ပြေးသွားတာ၊ ပြည်သူ့စစ်တွေကို အကူအညီတောင်းတော့ သူတို့က လုံခြုံရေးပဲယူပေးတာ၊ သူခိုးနဲ့ လုယက်မှုတွေ လိုက်မဖမ်းပေးနိုင်ဘူးလို့ပြောတယ်၊ ကျမတို့လိုပဲ အလုခံရတဲ့သူ ကျမတို့နန်းထဲတင် ၃ ယောက်ရှိတယ်၊ ဖုန်းနဲ့ ပိုက်ဆံအိတ် ပျောက်တာတွေမပါသေးဘူး၊ ဆွဲကြိုးတွေကို ပေါ်တင်ဆွဲဖြုတ်ခံရတာကို ၃ ယောက်ရှိတာ" လို့ တောင်ပြုန်းပွဲကပြန်လာတဲ့ LGBT တဦးက ပြောပါတယ်။

တောင်ပြုံးပွဲကိုလာကြတဲ့ အနယ်နယ်အရပ်ရပ်ကလူတွေကို ပြည်သူ့စစ်၊ ပျူစောထီးတွေက ကားတစီးကို ရွာဝင်ကြေးအဖြစ် ငွေကျပ် ၁၀၀၀၀၊ ယာဥ်အပ်ခ ၅၀၀၀၊ ဆိုင်ကယ်တစီးကို ရွာဝင်ကြေး ၅၀၀၀ နဲ့အပ်နှံခ ၃၀၀၀ နှုန်းကိုလည်း ကောက်ခံတယ်လို့သိရပြီး ပစ္စည်းပျောက်ရင်လည်း တာဝန်ယူတာမရှိဘူးလို့ သိရပါတယ်။

တောင်ပြုံးပွဲမှာ ခိုးဆိုလုယက်မှုနဲ့ ရန်ပွဲတွေ ယခင်နှစ်ထက် ပိုမိုအကျည်းတန်အောင် ဖြစ်နေတယ်လို့သိရပြီး

ပြည်သူ့စစ်နဲ့ ပျူစောထီးတွေကို တိုင်ကြားပေမယ့် ဖြေရှင်းပေးတာမရှိသလို တိုင်ကြားတဲ့သူတွေကိုလည်း "လုယက်မှုနဲ့ အခိုးခံရတဲ့ပြဿနာတွေ စခန်းကိုလာတိုင်တာ တရက်ကို အယောက် ၅၀ အထက်မှာရှိတယ်၊ ကိုယ်ဖြစ်ကိုယ်ခံပဲ၊ အဲ့တာတွေလိုက်ရှင်းပေးဖို့ ဒီမှာနေတာမဟုတ်ဘူး" လို့သာ ပြန်ပြောလွှတ်တယ်လို့ သိရပါတယ်။

တောင်ပြုံးရိုးရာနတ်ပွဲကို ယခုနှစ်မှာ ဝါခေါင်လပြည့် ဩဂုတ်လ ၂၈ နေ့အထိ ကျင်းပမှာဖြစ်ပြီး နတ်ကိုးကွယ်သူတွေ၊ အာဏာသိမ်းစစ်အစိုးရရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဇနီးသည်တွေနဲ့ အရာရှိတွေလည်း လာကြတယ်လို့ သိရပါတယ်။

တောင်ပြုံးပွဲတော်ဟာ မြန်မာနိုင်ငံအထက်ပိုင်းမှာ အစည်ကားဆုံးပွဲတော်တခုဖြစ်ပြီး တောင်ပြုံးကျေးရွာအတွင်းက ဆုတောင်းပြည့်စေတီတော်ရဲ့ ဗုဒ္ဓပူဇနိယပွဲတော်တခုဖြစ်ပြီး ဘုရားကိုအကြောင်းပြုကာ တောင်ပြုံးမင်းနှစ်ပါးပွဲတော်(ရိုးရာနတ်ပွဲ)အဖြစ် လူသိများကာ ပွဲတော်ကိုနှစ်စဉ် ဝါခေါင်လဆန်း ၁၀ ရက်တွင် ညီလာခံသဘင်ကျင်းပခြင်း၊ လဆန်း ၁၁ ရက်တွင် မင်းနှစ်ပါးချိုးရေတော်သုံးပွဲ ကျင်းပခြင်း၊ လဆန်း ၁၄ ရက်တွင် ယုန်ထိုးပွဲတော်ကျင်းပခြင်း၊ ဝါခေါင်လပြည့်နေ့တွင် ထိန်ပင်ခုတ်ပွဲတော် ကျင်းပခြင်းများကိုပြုလုပ်ပြီး နှစ်စဉ်ဝါခေါင်လဆန်း ၈ ရက်မှ ၁၅ ရက်ထိ ကျင်းပတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံများ (8)

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်