အရေးပေါ်
မှုခင်းသတင်း

မြေပဲပြုတ်ရောင်းတဲ့ တွန်းလှည်းနဲ့ လူတွေကို Taxi တစီးက ဝင်တိုက်ပြီး ထွက်ပြေးသွား

၂၀၂၆ သြဂုတ် ၂၃ Myo Taw
မြေပဲပြုတ်ရောင်းတဲ့ တွန်းလှည်းနဲ့ လူတွေကို Taxi တစီးက ဝင်တိုက်ပြီး ထွက်ပြေးသွား

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ မြေပဲပြုတ်ရောင်းနေတဲ့ တွန်းလှည်းကို Taxi တစီးက ဝင်တိုက်ပြီး ထွက်ပြေးသွားလို့ မြေပဲပြုတ်ရောင်းသူနဲ့ အနီးအနားက လူတွေ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၂ ရက်နေ့ မနေ့ညက သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းနဲ့ မြင်တော်သာလမ်း မီးပွိုင့်ထောင့် လျှံဖြိုးစားသောက်ဆိုင်ရှေ့မှာ လမ်းဘေးမှာ ရပ်တန့်ထားတဲ့ မြေပဲပြုတ်ရောင်းတဲ့လှည်းနဲ့ Taxi Probox ယာဉ်တို့ကို Taxi ကားတစီးက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်သွားခဲ့တယ်လို့ သိရပါတယ်။

"Taxi သမားက မူးနေပုံရတယ်၊ လှည်းကလမ်းနဲ့အလွတ်ကြီးကို ဝင်တိုက်သွားတာ၊ ပြီးတော့ ကားကိုမရပ်ဘဲ ဆက်မောင်းသွားတာ၊ ထိတဲ့သူတွေက မြေပဲပြုတ်ရောင်းတဲ့ တွန်းလှည့်သမားနဲ့ ဘေးကလူတွေ ထိတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် လမ်းဘေးတွန်းလှည်းရပ်ကာ ဈေးရောင်းချနေသူတွေနဲ့ အနီးအနားက အမျိုးသား ၂ ဦးမှာ ပြင်းထန်ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး တကိုယ်လုံး ရေနွေးပူ‌လောင် ဒဏ်ရာ၊ ဘယ်ဘက်မျက်နှာ ကွဲအက်ဒဏ်ရာ၊ ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာတို့ ရရှိခဲ့ကြတယ်လို့ သိရပါတယ်။

ဝင်တိုက်ခဲ့တဲ့ Taxi ယာဥ်ဟာ တိုက်ပြီး ထွက်ပြေးသွားခဲ့တယ်လို့ သိရကာ Taxi-AA/1983 ယာဉ် ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ် သတင်းများ

ငရုတ်ခင်းထဲသွားတဲ့ အမျိုးသမီး အိမ်ပြန်မလာလို့ လိုက်ရှာရာက သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့ ပြည်တွင်းသတင်း

ငရုတ်ခင်းထဲသွားတဲ့ အမျိုးသမီး အိမ်ပြန်မလာလို့ လိုက်ရှာရာက သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တံခါးယဉ်ကျေးရွာမှာ အမျိုးသမီးတဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက မြို့တော်ကို ပြောပါတယ်။

ဖတ်ရန်
ပန်းတနော်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဆယ်ကျော်သက်လူငယ် ၃ ဦးက ရိုက်နှက်ကာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုယက်သွား ပြည်တွင်းသတင်း

ပန်းတနော်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဆယ်ကျော်သက်လူငယ် ၃ ဦးက ရိုက်နှက်ကာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုယက်သွား

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမားတဦး ဆိုင်ကယ်ကယ်ရီလိုက်ရာက ရိုက်နှက်လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပရဟိတကျောင်းမှ မိဘမဲ့ ၈ တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေပြီး လူကုန်ကူး ရောင်းစားခံလိုက်ရတယ်လို့ ဆွေမျိုးတွေ သံသယဖြစ်နေ ပြည်တွင်းသတင်း

ပရဟိတကျောင်းမှ မိဘမဲ့ ၈ တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေပြီး လူကုန်ကူး ရောင်းစားခံလိုက်ရတယ်လို့ ဆွေမျိုးတွေ သံသယဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးကျောင်းရွာရှိ "ဟံသာအေး" လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ မိဘမဲ့ဖြစ်သူ အသက် (၁၆) နှစ်အရွယ်ရှိ ၈ တန်းကျောင်းသူ မမှုံနံ့သာ…

ဖတ်ရန်
နယ်ထိန်းရဲနဲ့ အဖွဲ့က ခရီးသွားတဦးကို သတ်ဖြတ်ပြီး ငွေကျပ် ၂၁ သိန်း လုယူခဲ့ကာ ရေနစ်သေတယ်လို့ အမှုဖွင့်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက် ပြည်တွင်းသတင်း

နယ်ထိန်းရဲနဲ့ အဖွဲ့က ခရီးသွားတဦးကို သတ်ဖြတ်ပြီး ငွေကျပ် ၂၁ သိန်း လုယူခဲ့ကာ ရေနစ်သေတယ်လို့ အမှုဖွင့်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ရဲစခန်းအပိုင် ကဇန်းစစ်ဆေးရေးဂိတ်အနီးမှာ ကားစောင့်နေတဲ့ ခရီးသွားတဦးကို နယ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ကာ ငွေကျပ် ၂၁ သိန်းကိုယူပြီး အလောင်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်