အရေးပေါ်
မှုခင်းသတင်း

လူမှုကွန်ရက်မှာ တော်လှန်ရေးအင်အားစုတွေအတွက် လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

၂၀၂၆ သြဂုတ် ၂၃ Myo Taw
လူမှုကွန်ရက်မှာ တော်လှန်ရေးအင်အားစုတွေအတွက် လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံရ

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ CRPH၊ NUG နှင့် PDF တို့ကို ထောက်ခံပြီး လှုံ့ဆော်တာတွေ ဝါဒဖြန့်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုကာ "သူရိယနေမင်း" TikTok အကောင့်ပိုင်ရှင်ကို အာဏာသိမ်း အစိုးရက ဩဂုတ်လ ၂၀ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

"သူရိယနေမင်း" TikTok အကောင့်ပိုင်ရှင်ဟာ ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အနီ အစိမ်း နဲ့ပတ်သက်ပြီး TikTok ဆော့တာ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံတွေနဲ့ နတ်မောက်နှင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းကို တင်တာ၊ သရုပ်ဆောင် ကျော်သူရဲ့ အစိုးရကို ဝေဖန်တဲ့ ဇာတ်ဝင်ခန်း တစ်ခုကို ဖြတ်ညှပ်ကပ်ပြီး တင်တာ၊ NLD မဲဆွယ်ကာလက Video တွေ တင်တာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေဘေးကယ်ဆယ်ရေး ခရီးစဉ်တွေကို TikTok ပေါ်မှာ တင်ခဲ့တာကြောင့် ခုလို အာဏာသိမ်း အစိုးရရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

"သူရိယနေမင်း" TikTok အကောင့်ပိုင်ရှင်ဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်မှာ နေထိုင်တဲ့ ကိုသန်းစိုးဦး (ခ)နေမင်း ဖြစ်တယ်လို့ သိရပါတယ်။

ကိုသန်းစိုးဦး (ခ) နေမင်း ကို ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်က သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးခံပြီး လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားကာ အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အလားတူ သြဂုတ်လ ၇ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်ကလည်း ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ စမ်းချောင်းပေါက် ကျေးရွာနေ ရာကုပ် (ခ) ဂျိမ်းစ်ရာကုပ် ဆိုသူဟာ "James Yar Kot" Facebook Account၊ "Anna Moe" Facebook Account တို့နဲ့ လှုံ့ဆော်ဝါဒ ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မှော်ဘီမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်အရေးယူ ခံခဲ့ရတယ်လို့ သိရပါတယ်။

ဓာတ်ပုံများ (3)

ဆက်စပ် သတင်းများ

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ မှုခင်းသတင်း

ဟိုပုံမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး ရောင်းချသူတွေကို လိုက်လံဖမ်းဆီးနေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့မှာ ဘိန်းစာရွက်ပြုတ်ရည် သုံးစွဲသူ များနေပြီး အများစုက ဆယ်ကျော်သက်လူငယ်တွေ ဖြစ်နေလို့ ဖမ်းဆီးမှုတွေ လုပ်နေရတယ်လို့ သိရပါတယ်။

ဖတ်ရန်
ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး မှုခင်းသတင်း

ရေပုတ်ကြီးရွာ ပျူစောထီးရဲ့သားနဲ့ တော်လှန်ရေးတပ်တို့ကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီး အဖွဲ့ဝင်တွေ မောင်းလာတဲ့ သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာက အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သုံးဘီးပေါ်ပါလာတဲ့ အမျိုးသမီး ၁ ဦး…

ဖတ်ရန်
လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား မှုခင်းသတင်း

လျှပ်စစ်ပစ္စည်းဆိုင် ဓားပြတိုက်ခံရပြီး မီးခံသေတ္တာလိုက်မသွားကာ CCTV တွေကိုလည်း ဖျက်ဆီးသွား

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းရှိ 'ကိုကိုနှင့်ညီညီ' လျှပ်စစ်ပစ္စည်းဆိုင်တဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရပါတယ်။

ဖတ်ရန်
Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး မှုခင်းသတင်း

Grade-3 ကျောင်းသားကို ကျောင်းကြိုပြီး ဘတ္ထရီစက်ဘီးနဲ့ပြန်လာတဲ့ သားအမိနှစ်ယောက် ယာဉ်တိုက်မှုဖြစ်လို့ ကလေးငယ်သေဆုံး

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာ ညနေကျောင်းဆင်းချိန် Grade-3 ကျောင်းသား ကလေးငယ်ကိုကျောင်းကြိုကာ ဘတ္ထရီစက်ဘီးစီးလာတဲ့ သားအမိနှစ်ယောက် စက်ဘီးလဲရာက နောက်ကကားမှ ကြိတ်ခံလိုက်ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်