အရေးပေါ်
မှုခင်းသတင်း

ဥပုသ်ယူပြီးပြန်လာတဲ့ အငြိမ်းစားဆရာမကြီးကို အိမ်ထဲဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်သွား

၂၀၂၆ သြဂုတ် ၂၂ Myo Taw
ဥပုသ်ယူပြီးပြန်လာတဲ့ အငြိမ်းစားဆရာမကြီးကို အိမ်ထဲဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်သွား

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ နဲမနိတ်ကျေးရွာမှာ ဥပုသ်ယူပြီး ပြန်လာတဲ့ အငြိမ်းစား ကျောင်းဆရာမ ၁ ဦးကို နေအိမ်မှာဝင်ခိုးနေတဲ့ သူခိုးက သတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက အငြိမ်းစားဆရာမကြီး ဒေါ်လှလှဝင်းဟာ ဘုန်းကြီးကျောင်းမှာ ဥပုသ်သီလယူပြီး နေအိမ်ကိုပြန်လာချိန် နေအိမ်အတွင်း ဝင်ရောက်ခိုးနေတဲ့ သူခိုးက ရေချိုးခန်းအတွင်းမှာ သရေမျှော့ကြိုးနဲ့ လည်ပင်းကိုပတ်ကာ သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။

"အငြိမ်စားဆရာမကြီးက မနက်ပိုင်း ဘုန်းကြီးကျောင်းမှာ ဥပုသ်ယူပြီး အိမ်ပြန်သွားတာ။ အိမ်ရောက်တော့ သူ့အိမ်ကိုဝင်ခိုးတဲ့ သူခိုးနဲ့တိုးပြီး အသတ်ခံလိုက်ရတာ၊ နေ့ခင်းပိုင်းလောက်မှ သိရတာ၊ ဘီဒိုတွေလည်း မွှေနှောက်ခံထားရတယ်၊ တရားခံ မမိဘူး၊ ဖြစ်သွားတာ ခဏလေးရယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

သတ်ဖြတ်ခံရသူဟာ တဦးတည်းနေထိုင်တဲ့ အသက် ၇၂ နှစ်အရွယ် အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်း ဖြစ်ပြီး ဆရာမကြီးဟာ လည်ပင်းကို သရေကြိုးနဲ့ နောက်ပြန်ချည်နှောင်ထားကာ ဝမ်းလျားမှောက်အနေအထားနဲ့ သေဆုံးနေခဲ့တာလို့ သိရပါတယ်။

သေဆုံးသူ ဆရာမကြီးဟာ အိုင်သပြုကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့သလို ၂၀၀၂-၂၀၀၃ ခုနှစ်တွေက အ.ထ.က သောင်ကြီးမှာ ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ကျခဲ့သူဖြစ်ကာ ဟင်္သာတမြို့နယ် ကြက်တူရွေးရွာဇာတိ ဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာတော့ သေဆုံးသူ ဆရာမကြီးရဲ့ ရုပ်အလောင်းကို ဟင်္သာတဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်စစ်ဆေးနေပြီး လူသတ်မှုကျူးလွန်ခဲ့တဲ့ တရားခံကိုတော့ ဖမ်းဆီးရမိခြင်း မရှိဘူးသေးဘူးလို့ သိရပါတယ်။

ဓာတ်ပုံများ (1)

ဆက်စပ် သတင်းများ

ငရုတ်ခင်းထဲသွားတဲ့ အမျိုးသမီး အိမ်ပြန်မလာလို့ လိုက်ရှာရာက သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့ ပြည်တွင်းသတင်း

ငရုတ်ခင်းထဲသွားတဲ့ အမျိုးသမီး အိမ်ပြန်မလာလို့ လိုက်ရှာရာက သတ်ဖြတ်ခံထားရတဲ့ အနေအထားနဲ့ ပြန်တွေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တံခါးယဉ်ကျေးရွာမှာ အမျိုးသမီးတဦး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက မြို့တော်ကို ပြောပါတယ်။

ဖတ်ရန်
ပန်းတနော်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဆယ်ကျော်သက်လူငယ် ၃ ဦးက ရိုက်နှက်ကာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုယက်သွား ပြည်တွင်းသတင်း

ပန်းတနော်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဆယ်ကျော်သက်လူငယ် ၃ ဦးက ရိုက်နှက်ကာ ပါလာတဲ့ ပစ္စည်းတွေ အကုန်လုယက်သွား

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမားတဦး ဆိုင်ကယ်ကယ်ရီလိုက်ရာက ရိုက်နှက်လုယက်ခံရမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်
ပရဟိတကျောင်းမှ မိဘမဲ့ ၈ တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေပြီး လူကုန်ကူး ရောင်းစားခံလိုက်ရတယ်လို့ ဆွေမျိုးတွေ သံသယဖြစ်နေ ပြည်တွင်းသတင်း

ပရဟိတကျောင်းမှ မိဘမဲ့ ၈ တန်းကျောင်းသူတစ်ဦး ပျောက်ဆုံးနေပြီး လူကုန်ကူး ရောင်းစားခံလိုက်ရတယ်လို့ ဆွေမျိုးတွေ သံသယဖြစ်နေ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ သိုက်ဝါးကျောင်းရွာရှိ "ဟံသာအေး" လူငယ်ဖွံ့ဖြိုးရေး ပရဟိတကျောင်းမှ မိဘမဲ့ဖြစ်သူ အသက် (၁၆) နှစ်အရွယ်ရှိ ၈ တန်းကျောင်းသူ မမှုံနံ့သာ…

ဖတ်ရန်
နယ်ထိန်းရဲနဲ့ အဖွဲ့က ခရီးသွားတဦးကို သတ်ဖြတ်ပြီး ငွေကျပ် ၂၁ သိန်း လုယူခဲ့ကာ ရေနစ်သေတယ်လို့ အမှုဖွင့်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက် ပြည်တွင်းသတင်း

နယ်ထိန်းရဲနဲ့ အဖွဲ့က ခရီးသွားတဦးကို သတ်ဖြတ်ပြီး ငွေကျပ် ၂၁ သိန်း လုယူခဲ့ကာ ရေနစ်သေတယ်လို့ အမှုဖွင့်ပြီး အလောင်းကို မီးရှို့ဖျောက်ဖျက်

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ရဲစခန်းအပိုင် ကဇန်းစစ်ဆေးရေးဂိတ်အနီးမှာ ကားစောင့်နေတဲ့ ခရီးသွားတဦးကို နယ်ထိန်းရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်ကာ ငွေကျပ် ၂၁ သိန်းကိုယူပြီး အလောင်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဖတ်ရန်